Showing posts with label ဟိန္ဒူဘာသာ. Show all posts
Showing posts with label ဟိန္ဒူဘာသာ. Show all posts

Thursday, July 1, 2010

ဟိန္ဒူဘာသာပေါ်ပေါက်လာပုံအကျဉ်း


ဟိန္ဒူဘာသာကို မည်သည့်အချိန်က စတင်ပေါ်ပေါက်လာသည်ဟုပြောရန်မလွယ်ကူပေ။
အဘယ်ကြောင့်ဆိုသော ယင်းဘာသာ အခြေခံရာဖြစ်သည့်ဣရုဝေဒ(ရိဂ်ဝေဒ)၊ယဇုဝေဒ၊သာမဝေဒ၊
အာထဗ္ဗဏဝေဒ ဟူသောဝေဒကျမ်းဂန်တို့ ပေါ်ထွန်းရာခောတ်ကို တိကျစွာသတ်မှတ်ဖို့ ခဲယဉ်းသောကြောင့်ပင်။

Saturday, January 2, 2010

ဟိန္ဒူဘာသာပေါ်ပေါက်လာပုံအကျဉ်း

ဟိန္ဒူဘာသာကို မည်သည့်အချိန်က စတင်ပေါ်ပေါက်လာသည်ဟုပြောရန်မလွယ်ကူပေ။
အဘယ်ကြောင့်ဆိုသော်ယင်းဘာသာ အခြေခံရာဖြစ်သည့် ဣရုဝေဒ(ရိဂ်ဝေဒေ)၊ယဇုဝေဒ၊သာမဝေဒ၊
အာထဗ္ဗဏဝေဒ ဟူသောဝေဒကျမ်းဂန်တို့ ပေါ်ထွန်းရာခောတ်ကို တိကျစွာ သတ်မှတ်ဖို့ 
ခဲယဉ်းသောကြောင့်ပင်။ ထိုကျမ်းတို့ ၏ခေတ်ကို အစောဆုံး ခရစ်မပေါ်မီ(ဘီစီ)နှစ် ၆၀၀၀ မှ နောက်အကျဆုံး
နှစ် ၇၀၀ အထိ ခန့် မှန်းကြ၏။သို့ သော် ခရစ်မပေါ်မီ နှစ် ၁၅၀၀ ခန့် ဟု ခန့် မှန်းသူပညာရှင်များက အများစုဖြစ်၏။

Friday, January 1, 2010

ဟိန္ဒူဘာသာနှင့်အခြေခံယုံကြည့်ချက်

တည်ထောင်သူ -.... ? ......

စတင်ပေါ်ပေါက်ချိန် -ခရစ်မပေါ်မီနှစ် ၁၅၀၀ ခန့် 

စတင်ပေါ်ပေါက်ရာဋ္ဌာန - အိန္ဒိယပြည်

ဘာသာ၏ အထွဋ်အထိပ် ပုဂ္ဂိုလ် - ဗြဟ္မာ၊ ဗိဿနိုး ၊ သိဝ

ပဓနကျမ်းဂန် -ဝေဒကျမ်းများ ၊ဥပနိသျှဒ်ကျမ်းများ..ရာမာယန၊ မဟာဘာရတ ၊ ဘဂ၀ဒ်ဂီတ

အခြေခံယုံကြည်ချက်များ

ကမ္ဘာလောကနှင့်သတ္တ၀ါများကို ဗြဟ္မာကဖန်ဆင်းသည်။ဗိဿနိုး က စောင့်ရှောက်ထိန်းသိမ်းသည်။
သိဝကဖျက်ဆီးသည်။ ဗြဟ္မာကြီး၏ကြင်ယာတော်က သူရဿတီ ၊ဗိဿနိုး၏ကြင်ယာတော်က လက္ချမီး၊
သိဝ၏ကြင်ယာတော်က ပဗ္ဗတီ အသီးသီး ဖြစ်ကြသည်။

ဗြဟ္မာ ဆိုသည်မှာ ပရမအတ္တပင် ။ ပရမအတ္တ သည် ကမ္ဘာလောကနှင့် သတ္တ၀ါများကို ဖန်ဆင်းသည် ။
ထိုကြောင့် အတ္တသည်အရာတိုင်းတွင်ပျံ့ နှံ့ လျက် တည်ရှိ၏ ။လောကသည် အတ္တ၊လောကသည်
ဗြဟ္မာ၊သတ္တ၀ါသည်အတ္တ၊ သတ္တ၀ါသည် ဗြဟ္မာ၊ သင်သည် အတ္တဖြစ်၏ သင်သည်ဗြဟ္မာဖြစ်၏ ။
ဖန်ဆင်းရှင် အတ္တကို ပရမအတ္တ၊ သတ္တ၀ါတို့ သန္တာန်၌ တည်သော အတ္တကို ဇီဝအတ္တ ဟုခွဲခြားရ၏ ။ 
(မြန်မာ လူမျိုးတို့ က အသက်၊၀ိညာဉ် ဟု ခေါ်သောအရာကို ဟိန္ဒူက ဇီဝအတ္တ ဟု ခေါ်ခြင်းပင်ဖြစ်သည်။