Showing posts with label ဗုဒ္ဓဘာသာ. Show all posts
Showing posts with label ဗုဒ္ဓဘာသာ. Show all posts

Monday, January 4, 2010

ဗုဒ္ဓဘာသာနှင့်အခြေခံယုံကြည့်ချက်


တည်တောင်သူ.............ဗုဒ္ဓမြတ်စွာဘုရား

ဖွားတော်မူသည့်နှစ်.......ခရစ်မပေါ်မီ ၆၂၄(ဘီစီ ၅၆၃ တစ်ဝါဒ)

တည်တောင်သောနှစ်...ခရစ်မပေါ်မီ ၅၈၉ (ဘီစီ ၅၂၈ တစ်ဝါဒ)

ပရိနိဗ္ဗာန်စံသည့်နှစ်.....ခရစ်မပေါ်မီ ၅၄၄ (ဘီစီ ၄၈၃ တစ်ဝါဒ)

စတင်ပေါ်ပေါက်ရာဌာန... အိန္ဒိယပြည်။

ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်... ဗုဒ္ဓမြတ်စွာဘုရား။

ပဓာနကျမ်းဂန်........................နိကာယ်ငါးရပ်၊ ပိဋ္ဋကသုံးပုံ။

အခြေခံယုံကြည်ချက်များ

ကမ္ဘာလောကကို ဖြစ်စေ၊ သတ္တ၀ါကိုဖြစ်စေ၊ ဖန်ဆင်းသူ တန်ခိုး ရှင်မရှိ။ ကမ္ဘာလောကရောသတ္တ၀ါများပါ
သက်ဆိုင်ရာ အကြောင်းများကြောင့် ဖြစ်ပေါ်လာကြသည်။ သက်မဲ့ လောက၊ သက်ရှိလောကနှစ်ခုလုံး
အကြောင်း ကြောင့် ဖြစ်ပျက်နေကြသော ရုပ်အစဉ်၊နာမ်အစဉ်မျှ သာဖြစ်သည်။ တည်မြဲသော ပုဂ္ဂိုလ်
သတ္တ၀ါ မရှိ၊ အတ္တမရှိ။ ရုပ်နာမ်မှန်သမျှ ဖြစ်ပြီးလျှင် တစ်စက္ကန့် တောင်မှ တည်တံ့မနေဘဲ ချက်ချင်းပျက်စီး
သွားကြ ၍ မမြဲသော သဘော၊ မကောင်းသောသဘော၊ အခိုင်အမာ အနှစ် အသား မဟုတ်သော သဘောချည်းဖြစ်ကြသည်။