Showing posts with label ဂျူးဘာသာ. Show all posts
Showing posts with label ဂျူးဘာသာ. Show all posts

Sunday, January 3, 2010

ဂျူးဘာသာနှင့်အခြေခံယုံကြည်ချက်


တည်ထောင်သူ...............ဂျူးလူမျိုး ၊ မိုးဇက်(မောရှေ)။

တည်တောင်သည့်နှစ်.........ခရစ်မပေါ်မီ ၁၂၃၀ ခုနှစ်(ဘီစီ ၁၂၃၀)။

စတင်ပေါ်ပေါက်ရာဌာန......ပါလက်စတိုင်း(အစ္စရေး)ပြည်။

ဘာသာရေးအထွတ်အထိပ်ပုဂ္ဂိုလ်...ဂျေဟိုဗ ဘုရားသခင်။

ပဓာနကျမ်းဂန်....................သမ္မာကျမ်းစာ(ဓမ္မဟောင်းကျမ်း)။

အခြေခံယုံကြည်ချက်များ

ကမ္ဘာလောကကြီးနှင့်တကွ သတ္တ၀ါ များကို ဂျေဟိုဗ(ယေဝေါဟာ) ဘုရားသခင်က ဖန်ဆင်းသည်။
ဂျေဟိုဗ ဘုရားသခင်သည် လောကတွင် တစ်ဆူတည်းသောဘုရားဖြစ်သည်။ ဂျေဟိုဗ ဘုရားသခင်မှ
တပါး အခြားဘုရားကို မကိုးကွယ်ရ။ ရုပ်တုကိုမကိုးကွယ်ရ။ ဂျေဟိုဗ ဘုရားသည် သူမုန်းသော သူများ
ကို သူတို့ ၏ အမျိုးလေးဆက်တိုင်အောင်အပြစ်ဒဏ်ပေး၏။ သူ့ ကိုချစ်၍ သူ့ တရား အတိုင်း လိုက်နာသူများကို အမျိုးဆက် ထောင်သောင်းတိုင်အောင် ကောင်းကျိုးပြု၍ ကရုဏာကိုပြတော်မူ၏
ရဟူဒီ ခေါ်သော ဂျူးလူမျိုးများသည် ဘုရားသခင်၏ လူများဖြစ်ကြ၏။ သူတို့ ကိုသာဘုရားသခင် စောင်
မတော်မူ၏ ဂျူး သွားရာ၌ ဂျေဟိုဗ ဘုရားရှိ၏။