Showing posts with label ခရစ်ယာန်ဘာသာ. Show all posts
Showing posts with label ခရစ်ယာန်ဘာသာ. Show all posts

Tuesday, January 5, 2010

ခရစ်ယာန်ဘာသာနှင့်အခြေခံယုံကြည်ချက်


တည်ထောင်သူ..................ဂျူးလူမျိုး၊ယေရှုခရစ်တော်။

မွေးဖွားသည့်နှစ်................ဘီစီ ၄ ခန့် ။

တည်ထောင်သည့်နှစ်........သက်တော် ၃၀ (အေဒီ ၂၇ ခန့် )။

ကွယ်လွန်သည့်နှစ်...........သက်တော် ၃၃ (အေဒီ ၃၀ခန့် )။

စတင်ပေါ်ပေါက်ရာဌာန......ပါလက်စတိုင်းပြည်။

ဘာသာ၏အထွတ်အထိပ်ပုဂ္ဂိုလ်..ထာဝရဘုရားသခင်။

ပဓာနကျမ်းဂန်................သမ္မာကျမ်းစာ (ဓမ္မဟောင်း နှင့်ဓမ္မသစ်)။

အခြေခံယုံကြည့်ချက်များ

ကမ္ဘာလောကကြီး နှင့်တကွ သတ္တ၀ါများကို ထာဝရဘုရားသခင်က ဖန်ဆင်းသည်။ထာဝရဘုရားသခင်
သည် တစ်ဆူတည်းသော ဘုရားဖြစ်သည်။ ခမည်းတော်ဘုရား၊သားတော် ယေရှုခရစ် ဘုရားအပြင်
သန့် ရှင်းသော ၀ိညာဉ်တော်ဘုရား၊ ရှိသည်ဟု ယုံကြည်ကြသည်။ 
ခမည်းတော်၊သားတော်နှင့် သန့် ရှင်းသော ၀ိညာဉ်တော် သုံးပါးစလုံးသည် တစ်ဆူတည်းသော ထာဝရဘုရားသခင် ဖြစ်သည်ဟုခံယူကြသည်။