Tuesday, April 27, 2010

လနတ်သမီး(ခေါ်)တနလာင်္ဂြိုလ်

ဂရိဒဏ္ဍာရီမှာတနလာင်္ဟာလနတ်သမီးစိလင်(selene)ကို ကိုယ်စားပြုတယ်။လနတ်သမီး နဲ့ မေတ္တာဇာတ်လမ်းလေးကို ကြည့်ရင်း သူ့ ရဲ့ စိတ်နေ
သဘောထားဟာ ပေါ်လွင်လာပါတယ်။ အင်ဒီမီယွန်(Endymian)လို့ ခေါ်တဲ့သိုးကျောင်း
သားကလေးဟာ သိုကျောင်းရင်း သစ်ပင်ရိပ်တစ်ခုအောက်မှာ အပန်းဖြေကာ အိပ်ပျော်သွားတယ်။ အဲဒီအချိန်မှာပဲ လနတ်သမီးလေးဟာဗိမာန်ကဆင်းသက်လာပြီး
သိုးကျောင်းသားလေးရဲ့ ပါးပြင်ကိုမွှေးကြူလိုက်ရာ မနိုးသောအိပ်ခြင်းနဲ့ အိပ်ပျော်နေတဲ့ 
သိုးကျောင်းသားလေးကိုချစ်ရည်ရွှမ်းတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်၊အားပါးတရ ပွေ့ 
ပိုက်နမ်းရှိုက်လိုက်ရှိနေတယ်။ အချစ်ကို မျိုသိပ်မထားနိုင်တာကြောင့် မဆင်ခြင်မစဉ်းစား၊ သူ ပြစ်မှားမိလို့ ဘ၀ဆုံးရရှာတဲ့ ချစ်သူအတွက် ယူကျုံး
မရ တသသဖြစ်နေတော့တယ်။
သိပ္ပံပညာမှာတော့ တနင်္လာဂြိုလ်ဟာ လဖြစ်တယ်။လဟာ ကမ္ဘာ
နဲ့ အနီးဆုံးဂြိုလ်ဖြစ်တယ်။ ကမ္ဘာရဲ့ ဆွဲအားကြောင့် ကမ္ဘာကို သူကလှည့်ပတ်နေတယ်။
ဒါပေမယ့်လရဲ့ မျက်နှာတစ်ဖက်ကိုသာ ကမ္ဘာဘက်ကိုလှည့်ထားတာကြောင့် ကမ္ဘာက
မမြင်နိုင်ဖြစ်၇တယ်။ လမှာ ကိုယ်ပိုင်အလင်းရောင်မရှိ။နေရဲ့ အလင်းပြန်ခြင်းဖြင့် ကမ္ဘာကိုအလင်းပေးရတယ်။ လရဲ့ ဆွဲအား ကြောင့် ကမ္ဘာပေါ်ရေတက်ရေကျဖြစ်ပေါ်တယ်။
ဗေဒင်ပညာမှာ တနင်္လာဂြိုလ်ရဲ့ ပရိယာယ်ဟာ အမိဖြစ်တယ်။ သဘာအားဖြင့် လှုပ်၇ှားခြင်း၊အဆင်းအားဖြင့်အဖြူ၊ ဓါတ်လေးပါးမှာ မြေ။လူမျိုးအားဖြင့်ရှမ်းအစိုးရတဲ့ 
အရပ်က အနောက်မြောက်၊မိတ်ဖက်က ဗုဒ္ဓဟူး၊ရန်ဖက်ကြာသာပတေး၊အိမ်ထောင်ဖက် ရဟု၊ အိမ်ထောင်ရန်သောကြာ၊ဓါတ်ဖက်ကြာသာပတေး၊ဓါတ်ရန်အင်္ဂါဖြစ်တယ်။
တနင်္လာဂြိုလ်(ခေါ်) လနတ်သမီးရဲ့ အရည်အချင်းကောင်းတွေကတော့ ဘာသာတရား
ယုံကြည်ခြင်း အလှူဒါနပြုတတ်ခြင်း၊သနားကြင်နာတတ်ခြင်း၊ကြီးသူကိုရိုသေခြင်း၊ငယ်
သူကို ချစ်ခင်တတ်ခြင်း၊ ရည်ရွယ်ချက်မြင့်မြတ်ခြင်းတို့ ဖြစ်တယ်။

No comments:

Post a Comment