Thursday, July 1, 2010

ဟိန္ဒူဘာသာပေါ်ပေါက်လာပုံအကျဉ်း


ဟိန္ဒူဘာသာကို မည်သည့်အချိန်က စတင်ပေါ်ပေါက်လာသည်ဟုပြောရန်မလွယ်ကူပေ။
အဘယ်ကြောင့်ဆိုသော ယင်းဘာသာ အခြေခံရာဖြစ်သည့်ဣရုဝေဒ(ရိဂ်ဝေဒ)၊ယဇုဝေဒ၊သာမဝေဒ၊
အာထဗ္ဗဏဝေဒ ဟူသောဝေဒကျမ်းဂန်တို့ ပေါ်ထွန်းရာခောတ်ကို တိကျစွာသတ်မှတ်ဖို့ ခဲယဉ်းသောကြောင့်ပင်။


ထိုကျမ်းတို့ ၏ ခောတ်ကို အစောဆုံး ခရစ်မပေါ်မီ(ဘီစီ)နှစ်၆၀၀၀ မှ နောက်ကျဆုံး နှစ်၇၀၀ အထိ ခန့် မှန်းကြ၏
သို့ သော် ခရစ်မပေါ်မီ နှစ် ၁၅၀၀ ခန့် ဟု ခန့် မှန်း သူပညာရှင်များက အများစု ဖြစ်၏။

ထိုခန့် မှန်းချက်ကို အတည်ပြုလျှင် ဟိန္ဒူဘာသာ၏ သက်တမ်း သည်ခရစ်မပေါ်မီ(ဘီစီ) နှစ်ပေါင်း ၁၅၀၀၊ခရစ်ပေါ်ပြီးနောက်(အေဒီ) နှစ်ပေါင်း ၂၀၁၀၊နှစ်ရပ် ပေါင်းလျှင် ၃၅၁၀နှစ်ကြာဘီဟုတ်ဆိုရပေလိမ့်မည်။
(မှတ်ချက်။  ။ ယခုရေးနေသောအချိန်မှာ(7/1/2010) ဖြစ်သည်။)

ဟိန္ဒူ ဘာသာသည်(ဘီစီ) ၁၅၀၀ ခန့် က အာရှတိုက် အလယ်ပိုင်းမှ ရွှေ့ ပြောင်းလာ၍ အိန္ဒိယပြည် အရှေ့ မြောက်ပိုင်း၌ ၀င်ရောက်နေထိုင်သော အရိယန် လူမျိုးတို့ ၏ ဝေဒကျမ်းများ၌ အခြေခံသည်ဟု ယုံကြည်ကြ၏
ထိုဝေဒ ကျမ်းများကို ရေးသားသူကား မထင်ရှားပေ။ အချို့ ဟိန္ဒူများ၊ဗြဟ္မဏများက ဝေဒကျမ်းများသည် လူသား တစ်ဦးဦး၏ လက်ရာမဟုတ်၊ ဖန်ဆင်းရှင် မဟာဗြဟ္မာ၏ တန်ခိုးကြောင့်ဖြစ်ပေါ်လာသောကျမ်းများ
ဖြစ်ကြောင်း ယုံကြည်ကြ၏။

ဝေဒကျမ်းများ၌ အခြေခံခဲ့ သော ဟိန္ဒူဗြဟ္မဏဘာသာသည် နှစ်ပေါင်း များ စွာ ခေတ် အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ ရသဖြင့် ယခုခောတ် ဟိန္ဒူ တို့ ယုံကြည်ကိုးကွယ် သော ဟိန္ဒူဘာသာသည် ဝေဒခေတ် ဘာသာတရားနှင့်အတော်ကြီး ခြားနား နေပြီဖြစ်၏။ ဝေဒခောတ်၌ ဣန္ဒြ ၊အဂ္ဂိနိ၊၀ရုဏစသော နတ်တို့ အား ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းကို အလေးပေးထားသော်လည် ဥပနိသျှဒ် စသော နောက်ပေါ် ဘာသာရေးကျမ်းများက ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းသည် အရေးမကြီးကြောင်း၊ ယဇ်ပူဇော်ခြင်း၊ဂါထာရွတ်ခြင်း၊ယဇ်သီချင်း ဆိုခြင်းဖြင့်မွန်မြတ်လှသော အတ္တကိုမတွေ့ နိုင်ကြောင်း ဖော်ပြကြ၏။

ဘဂ၀ဒ်ဂီတ။     ။မဟာဘာရတ၏ အစိတ်အပိုင်းဖြစ်သောဘဂ၀ဒ်ဂီတကျမ်း ၌လည်း အတ္တ၏ သဘော သဘာဝကိုပို၍ပေါ်လွင်အောင် နည်းအမျိုးမျိုး ဖြင့် ရှင်းလင်းစွာဖွင့်ဆိုထား၏ အမွှန်းတင်ထား၏။ ထို့ ကြောင့် ဘဂ၀ဒ်ဂီတ ကဗျာကျမ်းသည် ယခုခေတ်ဟိန္ဒူဘာသာဝင်တို့  အရိုသေဆုံး အမြတ်နိုးဆုံးဦးထိပ်ထက်ပန်ဆင်ထားသောကျမ်းဖြစ်၏။

No comments:

Post a Comment