Monday, April 26, 2010
ဂရိနတ်များ
ဂရိနတ်မင်းကြီး ဇု၊ မိဖုရား ဟီရာ၊ သမီးတော် အာသီနာ နဲ့  အခြွေရံနတ်တို့ ဟာ
အိုလံပစ်တောင်တော်မြတ်မှာ မွေ့ လျော်ကြတယ်။
နေနတ်၊ လနတ်၊မိုးနတ်၊ဂြိုလ်စောင့်နတ်၊ ကြယ်စင်နတ်သမီးတို့ ရဲ့  သဘာဝကို လေ့လာ
သိရှိနိုင်စေဖို့  ရည်ရွယ်ပါတယ်။
နတ်ကိုးကွယ်မှုဟာ ဂရိ ယဉ်ကျေးမှုက ဆင်းသက်လာခြင်း ဖြစ်ပါတယ်။
အိုလံပီယံနတ်ဘုရားများ(ဂရိနတ်များ)
ကရိုးနပ် chronas _  အချိန်ကို ထိန်းချုပ်ပေးတဲ့  နတ်ဘုရား ဖြစ်ပြီး ဇုနတ်မင်းရဲ့  ဖခင်ဖြစ်တယ်။ ကရိုးနပ်ဟာ ရိအာ Rhea မွေးခဲ့ တဲ့  သားသမီးတွေကို ကိုက်စား ၀ါးမျိုထားခဲ့ တယ်။ ဇုကို မိခင်က ပုန်းအောင်းမွေးဖွားခဲ့ တယ်။ အရွယ်ရောက်လာတော့
ဇုက ဖခင် ကရိုးနပ်ကို အံတုပြီး ၀ါးမျိုထား တဲ့ နောင်တော်တွေ ကို နန်းချခဲ့ကြတယ်။
ညဏ်ပညာအရှိဆုံး နတ်ဘုရားမဖြစ်တယ်။ ညဏ်ပညာ၊နည်းဗျူဟာ၊လက်မှုပညာ၊ စစ်ပွဲ
နဲ့ ဆင်ခြင်တုံတရား ကို အစိုးရတယ်။ သူမရဲ့  အထိမ်းအမှတ်ကတော့သံလွင်ပင်နဲ့  ဇီးကွက် ဖြစ်တယ်။
အပိုလို Apollo _ ဇုနတ်မင်း၏ သား တော်ဖြစ်ပြီး အာတီမစ်နှင့် အမြွာမောင်နှမ ဖြစ်တယ်။ သူ က ဂီတ၊ဆေးဝါး၊ကျန်းမာရေး ၊ကဗျာ၊ အကြားအမြင်နှင့်ဗိသုကာ ရပ်တွေကို အစိုးရတယ်။ သူ့ ရဲ့ သင်္ကေတကတော့ တယော၊
စောင်းနဲ့ အောင်ပန်းဖြစ်တယ်။
အာတီမစ် Artemis - ဇုတ်မင်းရဲ့ သမီးတော်ဖြစ်ပြီး အပိုလိုနဲ့ အမြွာမောင်နှမဖြစ်တယ်။ အမဲလိုက်ခြင်း၊တောရိုင်း တိရစ္ဆာန်နဲ့ လမင်းကို အစိုးရတယ်။ နှင်းစက်တွေ က အကာအကွယ်ပေးစေတယ်။ လမင်းနဲ့ ယှဉ်တွဲပေါ်ထွက်တယ်။ အပျိုစင်နတ်သမီး ဖြစ်တယ်။ သင်္ကေတကတော့တယော၊ခွေးတွေနဲ့ သမင် ဖြစ်တယ်။
ဒီမီတာ Demeter - ကရိုးနပ်နဲ့ ရီအာတို့ က မွေးဖွား ပြီးဇုရဲ့  အစ်မတော်ဖြစ်တယ်။စိုက်
ပျိုးရေး၊သစ်စေနဲ့ လယ်ယာတွေကို အစိုးရတယ်။ သင်္ကေတကတော့  တောင်ဝှေး၊
မီးတုတ် မီးရူးတိုင်နဲ့ ပြောင်းဖူးဖြစ်တယ်။
ဟေးဒီးစ် Hedes _ ဇု၊ ဟီရာ၊ပိုဆေဒန်တို့ ရဲ့  အစ်ကိုဖြစ်ပြီး ရေအောက်ကမ္ဘာနဲ့  ဓနဥစ္စာ
ကို အစိုး၇တယ်။ သင်္ကေတကတော့ ခေါင်းသုံးလုံး နဲ့ ခွေးဖြစ်တယ်။
ကလေးလေးအရွယ် စွန့် ပစ်ခဲ့တယ်လို့ ဆိုတယ်။ တချို့ ကတော့ ဇုနဲ့  ဟီရာက မွေးတာတဲ့ ။ သူ က အဖရိုဒိုက်နဲ့ လက်ထပ်ရတယ်။ဒါပေမယ့်သူမကတော့ သူ့ ကို လုံးလုံး မှ မချစ်ဘူး ။ အဆုံးမှာတော့ သူက အာရိရဲ့ မရိုးမသား ညာယူတာခံခဲ့ ရတယ်။
သူ့ မှာ ပန်ဒိုရာလုံး ခေါ်တဲ့  သမီးတစ်ယောက် ရှိတယ်။ သူက မီးနဲ့ ပန်းပဲဖိုကိုအစိုး
ရတယ်။ သင်္ကေတကတော့ ပုဆိန်၊တူနဲ့ မီးတောက်ပါ။
 ဟက်စ်တီယာ Hestia - ကရိုးနပ်နဲ့  ရိအာတို့ ရဲ့ သမီးတော်ဖြစ်တယ်။ သူက အိမ်၊
အိမ်ရှင်မဘ၀နဲ့  မီးလင်းဖိုတွေကို အစိုးရတယ်။ သူ့ သင်္ကေတက မီးလင်းဖိုဖြစ်တယ်။
ပိုဆေဒန် Posedan - ပင်လယ်ကို ကိုယ်စားပြုတဲ့  နတ်ဘုရားဖြစ်တယ်။ သူက
ပင်လယ်ရေမြှုပ်တွေကနေ မြင်းတွေကို ဖန်ဆင်းတယ်။ ငလျင်တွေရဲ့ နတ်ဘုရားလည်း
ဖြစ်တယ်။ သူ့ ကိုကမ္ဘာကြီးကိုကိုင်လှုပ်သူ၊မုန်တိုင်းကိုဆောင်ကြဉ်းသူလို့ ခေါ်ကြတယ်။
သင်္ကေတကတော့ မိုးကြိုး၊သိမ်းငှက်၊ကျွဲရိုင်း နဲ့ ဝက်သစ်ချပင်ဖြစ်တယ်။
လေဟာနယ်အထက်ကို အစိုးရတဲ့ နတ်ဘုရားက အီသာ Aether ဖြစ်တယ်။
အမှောင်နဲ့ အရိပ်ကို ကိုယ်စားပြုတဲ့ နတ်ဘုရားကအီရီဘတ်စ် Erebus ဖြစ်တယ်။
တိုက်တန်တွေရဲ့ မိခင်၊ကမ္ဘာမြေကြီး ရဲ့  နတ်ဘုရားမကတော့ ဂေယာ Gaea ဖြစ်တယ်။
နေ့ အလင်းရောင် နဲ့  နေကို အစိုးရတာကတော့ ဟီမီရာ Hemera နတ်သမီးဖြစ်တယ်။
အနောက်လေကိုအစိုးရတဲ့ နတ်ဘုရားကတော့ ဇီဖိုင်းရပ်စ် Zephyrus ဖြစ်တယ်။
ညနတ်သမီးကတော့ နစ်ဇ် Nyx ဖြစ်တယ်။ သူမရဲ့ သားတော် ဟစ်နော့ Hypnos ဟာ ဇုကို အလွန် ဒေါသထွက်ပြီး သူမ နောက်မှာ အမြဲပုန်းနေတတ်တယ်။
မြေအောက်အနက်ရှိုင်းဆုံးအပိုင်း ကိုအစိုးရတာကတော့ တာတာရပ်စ် Tartarus
နတ်ဘုရားဖြစ်တယ်။
မိုးကောင်းကင်ရဲ့  အရှင်၊တိုင်တန်တွေရဲ့ ဖခင်ဖြစ်သူကတော့ ယူရေးနိုစ် Ouranas ဖြစ်
တယ်။သူဟာသူ့ ကိုမတောင်းပန်တဲ့ သားနဲ့ သမီး ဆိုက်ကလုပ် နဲ့ ဟီကာတိုချီရီ
Cyclopes and Hecatonchires တို့ ကို မြေအောက်ကမ္ဘာမှာ ပြည်နှင်ဒဏ်ပေး
ထားတယ်။
သူရဲကောင်းကိုစောင့်ရှောက်သူကတော့ Achilles၊
အလုပ် အလွန်ကြိုးစားသူကိုစောင့်ရှောက်တဲ့ နတ်သမီးကတော့ Adephagia ။
လေနတ်သားက Aeolus
အချစ်နတ်က Eros
စာပေအနုပညာနဲ့ သိပ္ပံပညာကို စောင့်ရှောက်တဲ့ နတ်ဘုရား Muse
ကျန်းမာေ၇းကိုယ်စားပြုတဲ့ နတ်က Hygieia
ဇုနဲ့ လူသားမိခင် မွေးဖွားသူ ဟာကျူလီ
ေ၇နတ်သမီး ဖလီအိုနီး Pleione
ကောင်းကင်ကို ၀ှက်ထားတဲ့ ဘီလူး Atlas
မိခင်ဘ၀ကို စောင့်ရှောက်တဲ့ နတ်သမီး Isis
အိမ်မက်ကို အစိုး၇တဲ့ နတ်ဘုရား Morpheus
ညဏ်ပညာနဲ့ အတွေးအခေါ်တို့ ကိုစိုးမိုးတဲ့ နတ်သမီး Metis
စိတ်ဖောက်ပြန်ခြင်းကို အစိုးရတဲ့နတ်သမီး Mania
လမင်းကို ကိုယ်စားပြုတဲ့ နတ်သမီး Selene နဲ့ တောက်ပတဲ့ လရောင်ကို
ကိုယ်စားပြုတဲ့ နတ်သမီး Phoebe
စစ်ပွဲကို စိုးမိုးတဲ့ နတ်သမီး Nike
ပန်းပွင့်တွေရဲ့ အောင်ပန်းသ၇ဖူကိုအစိုးရတဲ့ နတ်သမီး Antheria
အမဲလိုက်ခြင်းနဲ့ ရှာဖွေခြင်းတို့ အတွက် စောင့်ရှောက်တဲ့နတ်ဘုရား Arisaeus
အနာကျက်စေတဲ့  နတ်ဘုရား Asclepius
တရားမျှတမှု အပျိုစင်နတ်သမီး Astraea
အရူးလုပ်တဲ့ အပြုအမူ ကိုစိုးမိုးတဲ့ နတ်သမီး Ate
အကြမ်းဖက်မူ နတ်သမီး Bia
ရွက်လွှင့်သူတွေရဲ့  နတ်သမီး Brizo
ကံတရားနဲ့ အခွင့်အေ၇း ကို ကိုယ်စားပြုနတ်ဘုရား Caerus
သမုဒ္ဒရာနဲ့ ပင်လယ်တွင်းအန္တရယ်လေကို စောင့်ရှောက်တဲ့နတ်သမီး Ceto
တရား စီရင်မှုရဲ့ နတ်သမီး Dike
ကလေး မွေးဖွားခြင်း ကို စောင့်ရှောက်တဲ့ နတ်သမီးEileithyia
မျှော်လင့်ချက်အတွက်နတ်သမီး Elpis
စစ်ကိုနှောက်ယှက်တဲ့နတ်သမီးEnyo
အာရုံဦး ကိုစိုးမိုးတဲ့ နတ်သမီး Eos
နံနက်ခင်းကြယ်တွေရဲ့  အရှင် Rosphorus
အချစ်၊မေတ္တာတရား၇ဲ့ ကိုယ်စားပြုရာနတ်သားEros
အရှေ့ လေကိုကိုယ်စားပြုတဲ့နတ်သား Eurus
လူငယ်ဘ၀ကို စိုးမိုးတဲ့နတ်သမီး Hebe
အိပ်စက်ခြင်း၇ဲ့ နတ်ဘု၇ား Hypnos
သက်တံကိုအစိုးရတဲ့  နတ်သမီး Iris
No comments:
Post a Comment