Tuesday, April 27, 2010
နေနတ်သား(ခေါ်)တနင်္ဂနွေဂြိုလ်
တနင်္ဂနွေဂြိုလ်ဟာဟီလီယိုးစ်(Helios)အမည်ရှိတဲနေနတ်သားကိုကိုယ်စားပြုတယ်လို့
ဂရိတို့ကယုံကြည်ပါတယ်။ ဂရိဒဏ္ဍာရီမှာဆိုတာကတော့ရွှေ၊ငွေ၊ကျောက်သံပတ္တမြား
တွေနဲ့စီခြယ်ထာတဲနေနန်းဗိမာန်ဟာအရောင်တထိန်ထိန်နဲ့  တောက်ပပြီးဖြိုးပြက်လင်း
လက်နေပါတယ်။ နေနန်းဗိမာန်ရဲ့ ဝန်းကျင်တွင်းပ နှစ်ဌာနမှာလည်း အမှောင်ဖုံးလွှမ်း
တဲ့ မဟူ၇ာညဆိုတာမရှိပါ။ နေရထားကို မောင်းနှင်ရတဲ့ နေနတ်သားဟာ မောက်မာဝင့်
ကြွား မာနာကြီးသူဖြစ်တယ်။ ဘယ်နတ်တွေမှ နေရထားကို ဘီးမလှိမ့်နိုင်၊ နတ်မင်းကြီး
သော်မှ နေရထားမမောင်းနှင်စွမ်းနိုင် လို့ ဝါကြွားလေ့ရှိတယ်။ဒါပေမဲ့နေရထားကိုစတင်
မောင်နှင်တဲ့အခါ အလွန်မတ်စောက်တဲ့ လမ်းကိုခွန်အားကြီးမားတဲ့ မြင်းတွေကပင်ပန်း
ခဲယဉ်းစွာဆွဲငင်ကြရတယ်။ မွန်းတည့်ချိန်ရောက်ရှိနေပြီဖြစ်လို့ နေနတ်သားကိုယ်တိုင်
တောင်မှ အောက်ကိုငုံမကြည့်ဝံ့အောင်ရှိတယ်၊နေ၇ထားရဲ့ အဖြစ်ဟာ အတက်ခက်
သလို၊အဆင်းမှာမှာလည်းကြမ်းလှတယ်။ သက်စွန့် ဆံဖျား ဆင်း၇တဲ့ အတွက် သည်း
ထိတ်ရင်ဖို စောင့်ကြည့်နေကြတဲ့ ပင်လယ်စောင့်နတ်သားတွေ၊ နတ်သမီးတွေဟာ
နေရထားကြီးပင်လယ်ထဲကျွမ်းထိုးမှောက်ခုံကျလာမှာကို စိုးရိမ်ပူပန်နေကြရတယ်။
ဒီလောက်ခက်ခဲကြမ်းတမ်းပင်ပန်းတဲ့အလုပ်ကို နေ့ စဉ်မပျက် လုပ်နေရသူကတော့
တနင်္ဂနွေဂြိုလ်(ခေါ်)နေနတ်သားပါပဲ။
ဂြိုလ်အားလုံးဟာနေကိုအီးလစ်ပုံလမ်းကြောင်းအတိုင်း လှည့်ပတ်နေကြတယ်။
နေဟာဂြိုလ်အားလုံးကို အလင်းရောင်ပေးတယ်။ ကမ္ဘာပေါ်ကသတ္တ၀ါနဲ့ သစ်ပင်တွေ
ရဲ့ အသက်သခင်လည်းဖြစ်တယ်၊နေဟာ ဂြိုလ်အားလုံးကို အပြင်ထွက်မသွားအောင်
သူ့ ရဲ့ ကြီးမားတဲ့ ဆွဲငင်အားနဲ့ ထိန်းထားတယ်။
ဗေဒင်ပညာမှာ တနင်္ဂနွေဂြိုလ်ရဲ့ ပရိယာယ်ဟာ အဖေ(သို့ မဟုတ်)ကြီးသူ၊သဘောအား
ဖြင့်စိတ်၊ အဆင်းအားဖြင့်အနီ၊ဓါတ်လေးပါးမှာမီး၊လူမျိုးအားဖြင့် ဂျွမ်း၊အစိုးရတဲ့ အရပ်က
အရှေ့ ၊ မိတ်ဖက်မှာကြာသပတေး၊ရန်ဖက်မှာ အင်္ဂါ၊အိမ်ထောင်ဖက်သောကြာ၊ အိမ်
ထောင်ရန်ဗုဒ္ဓဟူး၊ ဓါတ်ဖက်စနေ၊ ဓါတ်ရန်ဗုဒ္ဓဟူးဖြစ်တယ်။
No comments:
Post a Comment