Wednesday, January 6, 2010

အစ္စလာမ်ဘာသာနှင့်အခြေခံယုံကြည်ချက်များ


တည်ထောင်သူ..........................အာရပ်လူမျိုး၊မိုဟာမက်။

မွေးဖွားသည့်နှစ်........................ခရစ်နှစ် ၅၇၀ (အေဒီ ၅၇၀)။

တည်ထောင်သည့်နှစ်.................ခရစ်နှစ် ၆၁၀ (အေဒီ ၆၁၀)။

မဒီနာသို့ ထွက်ခွာသည့်နှစ်..........ခရစ်နှစ် ၆၂၂ (အေဒီ ၆၂၂)။

ကွယ်လွန်သည့်နှစ်..................ခရစ်နှစ် ၆၃၂ (အေဒီ ၆၃၂)။

စတင်ပေါ်ပေါက်ရာဌာန............အာရေဗျနိုင်ငံ၊ မက္ကာမြို့ ။

ဘာသာ၏အထွတ်အထိပ်ပုဂ္ဂိုလ်..အလ္လာဟ်ဘုရားသခင်။

ပဓာနကျမ်းဂန်.....................ကိုရန်ကျမ်းမြတ်။

အခြေခံယုံကြည့်ချက်များ

အစ္စလာမ် သည် အာရဗီ ဘာသာစကား ဖြစ်၏။ နာခံခြင်း ဟုအဓိပ္ပါယ်ရ၏။ အလ္လာဟ် ဘုရားသခင်၏
အမိန့် တော်ကိုနာခံခြင်းကိုပင် အစ္စလာမ် ဟုခေါ်ခြင်းဖြစ်သည်။ အလ္လာဟ် 
ဘုရားသခင်၏ အမိန့် တော်ကိုနာခံသူတိုင်း အစ္စလာမ် ဘာသာကို ကိုးကွယ်သော
မူဆလင် များဖြစ်ကြသည်။ သာသာကိုအစ္စလာမ်ဟုခေါ်၍ ထိုဘာသာ ကိုးကွယ်သူကို မူဆလင်ဟုခေါ်ခြင်းဖြစ်သည်။ မိုဟာမက်တည်ထောင်သောဘာသာဖြစ်၍ မဟာမေဒင်ဘာသာဟုလည်းခေါ်ကြသည်။

ကမ္ဘာကြီး နှင့် သတ္တ၀ါတွေကို အလ္လာဟ်အရှင်မြတ် ကဖန်ဆင်းသည်။
အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာ၏ပထမဆုံး လူသားအဖြစ် အာဒမ်(Adam) အမျိုးသား နှင့် ဧ၀(Eve) အမျိုးသမီးတို့ ကိုဖန်ဆင်းသည်။
သူတို့  နှစ်ယောက်မှ လူသားတွေ ဆက်ကာဆက်ကာ ပေါက်ဖွားလာကြ၏။(ခရစ်ယာန်ဘာသာကလည်း
အာဒမ် နှင့် ဧ၀ကို ပထမဆုံး လူသား အဖြစ် ထာဝရ ဘုရားသခင်(God) ကဖန်ဆင်းသည်ဟုယူဆသည်။


အစ္စလာမ် ဘာသာတွင် ပဓာနအားဖြင့် ယုံကြည်ရမည့်အချက်ကြီးများမှာ---
၁။ကမ္ဘာကိုဖန်ဆင်းအုပ်စိုးသော အလ္လာဟ် အရှင်မြတ်ကိုယုံကြည်ရမည်။
၂။ အလ္လာဟ် ၏ အမိန့် အတိုင်း ဆောင်ရွက်ရသောကောင်းကင်တမန်များကိုယုံကြည်ရမည်။
၃။တမန်တော်ကြီး၊ တမန်တော်ကလေးများကို ယုံကြည်ရမည်။ တမန်တော်ကြီးများမှာ
အာဒမ်၊ နောဧ၊ အေဗရာဟင်၊မိုးဇက်၊ ယေရှုတို့ ဖြစ်ကြသည်။ မိုဟာမက်မှာ အကြီးမြတ်ဆုံး
တမန်တော်ဖြစ်သည်။
၎။ တရားဆုံးဖြတ်မည့်နေ့ ကို ယုံကြည်ရမည်။ တရားဆုံဖြတ်မည့်နေ့ တွင် လူတွေအားလုံးသေရာမှ
ပြန်ရှင်လာကြပြီး အလ္လာဟ်အရှင်မြတ် အထံ၌ တရားအဆုံးအဖြတ် ခံရမည်။(ခရစ်ယာန်ဘာသာကလည်း
ထာဝရဘုရားသခင်က တရားဆုံးဖြတ်လိမ့်မည်ဟု ယူဆသည်။)
၅။တလောကလုံး ဖြစ်ပျက်သမျှသည် အလ္လာဟ် အရှင်မြတ်၏အလိုတော်အတိုင်းသာဖြစ်ပျက်နေခြင်း
ဖြစ်သည်။
ယင်းတို့ မှာ---
(က) အလ္လာဟ် အရှင်မြတ်သည် တဆူတည်းသော ဘုရားသခင်ဖြစ်သည်။ မိုဟာမက်သည် အကြီးမြတ်
ဆုံးသောတမန်တော်ဖြစ်သည်။
(ခ) တစ်နေ့ လျှင် (၅)ကြိမ် ဘုရားဝတ်ပြုရမည်။
(ဂ)ဆင်းရဲသားများအားချွေးမခြောက်ခင် လုပ်ခပေး၍ ကျွေးမွေးပေးကမ်းရမည်။
(ဃ)ရမ်မဇမ်လ၌ ဥပုသ်စောင့်ရမည်။
(င)ငွေကြေးတတ်နိုင်သူများ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ သို့ ဘုရားဖူးသွားရမည်။(ဟာ့ဂ်ျ သွားသည်ဟုခေါ်ကြသည်။)
အစ္စလာမ် ဘာသာ၏ အရေးကြီးလှသော သင်ကြားချက်တစ်ခုမှာ ရုပ်ထုကို ရှိမခိုးရ။မကိုးကွယ်ရ ဟူ၍
ဖြစ်သည်။

No comments:

Post a Comment